BBC News, မြန်မာ - ပင်မစာမျက်နှာ

ထိပ်တန်း သတင်းများ

ဒေတာ ချွေတာချင်ပါသလား။

ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

၂၀၂၅ ‌ရွေးကောက်ပွဲရလဒ်
သတင်းရင်းမြစ် - UEC
ပြည်သူ့လွှတ်တော်
USDP
၂၃၁
PP
PPP
NUP
SNDP
အခြား
၂၁
အမျိုးသားလွှတ်တော်
USDP
၁၀၈
PP
PPP
NUP
၁၆
SNDP
အခြား
၂၆

၂၀၂၅ မြန်မာရွေးကောက်ပွဲ

  • ဇန်နဝါရီလ ၂၅ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲ နောက်ဆုံးအကျော့မှာ  မန္တလေးမြို့က မဲရုံတစ်ရုံမှာ ရေတွက်ပြီးမဲတွေနဲ့အတူ တွေ့ရတဲ့ကြိုတင်မဲစာရွက်တွေဖြစ်ပါတယ်။ စာရွက်တစ်ခုပေါ်မှာဆိုရင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ဦးကိုကိုဦးနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် ဦးစန်းလွင်တို့ရဲ့နာမည်တွေကို မြင်တွေ့ရပါတယ်။ လက်နှစ်ဖက်ရဲ့ လက်ချောင်းတွေက အဲဒီမဲစာရွက်တွေပေါ်မှာ မြင်တွေ့ရ

    ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား

    အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။

  • ပါးမှာကပ်ထားတဲ့ ကြံခိုင်ရေးပါတီစတစ်ကာကို ပြနေတဲ့ မျက်မှန်တပ်ထားတဲ့ အမျိုးသမီးတစ်ဦး

    NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ

    NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။

  • မဲရုံမှာမဲလာပေးသူ အမျိုးသမီးတစ်ဦး

    အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ

    ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။

  • အရှုံးနဲ့တွေ့သွားကြတဲ့အထဲ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေလည်းပါဝင်သလို ဒေါ်စန္ဒာမင်းလို NLD ဟောင်း၊ တစ်သီးပုဂ္ဂလတွေလည်း ပါပါတယ်။

    ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ

    ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။

  • ၂၀၂၁ အာဏာသိမ်းစတုန်းက CRPH ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ကြတဲ့ မြင်ကွင်း

    စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ

    အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။

  • ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

    ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပခဲ့ပါတယ်။ ကော့မှူးမြို့ခံ အများစုကတော့ အရင်လို မဲပေးဖို့ စိတ်အားထက်သန်မှုတွေမတွေ့ရသလို မဲပေးနှုန်းလည်းလျော့ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျင်းပတဲ့ ကော့မှူးက ရွေးကောက်ပွဲ အရင်နဲ့ ဘာတွေ ကွဲပြားသွားလဲ။

  • ရှော့တိုက်ဒုံး ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦး

    ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ

    ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန် တိုက်ခိုက်ခံခဲ့ရတဲ့မန္တလေးတိုင်းထဲ စစ်ကော်မရှင်က ရဲနဲ့ စစ်သားအင်အား ဖြန့်ကြက်ပြီး အပိုင်း ၂ ကို ကျင်းပခဲ့ပေမဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက မဲဆန္ဒနယ်တွေမှာတော့ ထွေအုပ်အရာရှိသေဆုံးတဲ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

  • စစ်ခေါင်းဆောင်နဲ့ စစ်ဘက်လက်ထောက်၊ စစ်တက္ကသိုလ် အပတ်စဥ် ၃၈ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးတွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။

    ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ

    ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။ ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။

  • ပလက်စတစ် ပုံးတစ်ပုံး၊ အပြာရောင် ခြင်း ၂ ခြင်းနဲ့ လုပ်ထားတဲ့ မဲပုံးတွေထဲက မဲတွေကို ရေတွက် နေသူတွေ

    စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်

    စစ်တပ်ဦးဆောင်တဲ့ ရွေး‌ကောက်ပွဲ အပိုင်း ၁ အပြီးမှာတော့ ကြိုတင်မဲပွင့်လင်းမြင်သာမှုနဲ့ ပတ် သက်လို့ မေးခွန်းထုတ်လာကြပါတယ်။

  • ပြည်ထောင်စုလွှတ်တော်အမတ် ၂၉၅ ဦးက မဲပေးတင်မြှောက်သူက သမ္မတဖြစ်လာမယ့် အခင်းအကျင်းကိုပုံဖော်ထားပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ USDP ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဝန်ကြီးချုပ်ဦးညိုစောတို့ပုံတွေပါဝင်ပါတယ်။

    သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ

    ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။

  • စစ်တပ်ရွေးကောက်ပွဲသရုပ်ဖော်ပုံ

    ၂၀၂၅ စစ်တပ်ရွေးကောက်ပွဲ - ကနဦးရလဒ်မဲဆန္ဒနယ်ပြမြေပုံညွှန်း

    ၂၀၂၅ စစ်တပ်ရွေးကောက်ပွဲရဲ့ ကနဦးရလဒ်များကို ကြည့်နိုင်တဲ့ မြေပုံညွှန်းဖြစ်ပါတယ်။ အခုမြေပုံညွှန်းပါ ရလဒ်များဟာ ကနဦးရလဒ်များသာဖြစ်ပါတယ်။ မြေပုံကို ထောက်ရုံနဲ့ မြို့နယ်အလိုက် အနိုင်ရပါတီကို ကြည့်ရှုနိုင်ပါတယ်။

  • ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံမြေပုံ၊ မဲပုံးနဲ့ ပါတီဝင်တချို့ကို သရုပ်ဖော်ထားပါတယ်။

    ၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်

    နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။

အထူးစာမျက်နှာ

ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။

မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။

နားဆင်ကြည့်ရှုရန်

ဆောင်းပါး