BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ဖို့ ပြည်ထောင်စုနေ့မှာ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် တောင်းဆို
အာဏာသိမ်း ၅ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၃ သောင်းကျော်အဖမ်းခံရတဲ့ သတင်းအပါအဝင် ဖေဖော်ဝါရီ ၁၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ကရင်လူမျိုးတွေရဲ့ ကော်သူးလေအိပ်မက်
ကရင်ခေါင်းဆောင်တွေ တောင်းဆိုခဲ့ကြတဲ့ ‘ကော်သူးလေသမ္မတနိုင်ငံ’ ကို ကရင်လက်နက်ကိုင် ကော်သူးလေတပ်မတော် (KTLA) က ဇန်နဝါရီ ၅ ရက်နေ့ကပဲ ပြန်အသက်သွင်းလိုက်ပါတယ်။ ဒါကို KNU၊ DKBA၊ BGF/KNA က လက်မခံကြပါဘူး။ ဒါဆို သူတို့ လက်ခံထားတဲ့ ကော်သူးလေနိုင်ငံဆိုတာဘာလဲ။ ကရင်အဖွဲ့အစည်းတွေရဲ့ ကော်သူးလေ အိပ်မက် က ဘာလဲ။
ဂျပန်ရဲ့‘‘သံမဏိအမျိုးသမီး’’ ဆာနာအဲ တာကာအိချိဆိုတာ ဘယ်သူလဲ
အမေရိကန်နဲ့ ဂျပန်အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေဖြစ်နေတဲ့ ၁၉၈၀ နှစ်တွေ အတွင်း သူ့ရဲ့ နိုင်ငံရေး စိတ် စတင် ဝင်လာခဲ့တာပါ။
မြန်မာစစ်တပ်ကို ကန့်သတ်ပိတ်ဆို့မှုတွေလုပ်မယ့် BRAVE Burma Act မူကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြု
မြန်မာစစ်တပ်ကို ကန့်သတ်ပိတ်ဆို့မှုတွေလုပ်မယ့် BRAVE Burma Act မူကြမ်းကို အမေရိကန်အောက်လွှတ်တော်အတည်ပြုတဲ့ သတင်းအပါအဝင် ဖေဖော်ဝါရီ ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းအထက်ပိုင်း စစ်ရေးဗျူဟာ
ဗန်းမောက်ဟာ စစ်တပ်အတွက် အဓိကဗျူဟာကျတဲ့မြို့မဟုတ်ပေမဲ့ ရှမ်းနီတပ်တွေနေရာယူထားပါတယ်။ ရှမ်းနီတပ်(SNA)အတွက် ဗန်းမောက်ကို စစ်တပ်က ပြန်တိုက်ယူပေးတာဖြစ်သလို ဆက်စပ်မြို့နယ်တွေကို စစ်တပ်ခြေဆန့်ဖို့လည်း ရည်ရွယ်ထားတဲ့စစ်ဆင်ရေးလို့လည်း စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။
မင်းကင်းက NUG နဲ့ ကျောင်းသားတပ် SRF တို့ တင်းမာမှု ဘယ်လိုဖြေရှင်းနေလဲ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)တို့ကြား အုပ်ချုပ်ရေးဖော်ဆောင်မှုနဲ့ပတ်သက်လို့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။ မင်းကင်းမြို့နယ်မှာဖြစ်နေတဲ့ NUG နဲ့ SRF တို့ကြားက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အဖွဲ့ ဘာတွေပြောလဲ။ ဒေသခံလူထုတွေ ဘာတွေကြုံတွေ့နေရလဲ။
အာဏာမပြောင်းတဲ့''ထိုင်း''- မြန်မာစီးပွားရေးသမားတွေနဲ့ လုပ်သားတွေအတွက် အခွင့်အလမ်းလား၊ စိုးရိမ်စရာလား
ထိုင်းနိုင်ငံရဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အရ လက်ရှိအာဏာရ ဖုန်ကျိုင်ထိုင်းပါတီက မဲအပြတ်အသတ်နဲ့ နိုင်ပြီး အစိုးရအာဏာကို လက်ရှိ ဝန်ကြီးချုပ်အနုတင်ချန်ဝီရကူလ်က ဆက်ပြီးဆုပ်ကိုင်မှာဖြစ်ပါတယ်။
၂၀၂၆ ထိုင်းရွေးကောက်ပွဲနဲ့ ကျွဲကူးရေပါ မြန်မာရွှေ့ပြောင်းသန်းချီရဲ့ကံကြမ္မာ
မြန်မာ ရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီရှိတဲ့ထိုင်းမှာ ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် အမျိုးသားရေးအားကောင်းလာချိန် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေဟာ သန်းနဲ့ချီတဲ့ဒီရွှေ့ပြောင်းတွေအရေး မေ့ပျောက်ထားလား။
စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။
ဖားကန့်မှာ ဒေသခံတွေ မူးဝေခဲ့ကြတာ ဘာကြောင့်လဲ
ဖားကန့်မှာ လက်နက်ကြီးသံတွေကြားသလို ဒရုန်းပျံသန်းတာတွေ တွေ့ပြီးနောက်မှာ အနံ့ဆိုးတွေပါ နံလာတာကြောင့် ဓာတုအဆိပ်ရည်များ ကြဲလိုက်တာလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဒေသခံတွေ စိုးရိမ် ထိတ်လန့်ခဲ့ကြပါတယ်။ကျေးရွာ ၁၀ ရွာထက်မနည်း စူးရှပြင်းထန်တဲ့ အနံ့ဆိုးတွေဟာ ညနေ ၇ နာရီဝန်းကျင်ကနေ ည ၁၁ နာရီလောက်အထိ ပြန့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်တပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ တီမောမှာ တရားစွဲဆိုမှု ဘယ်လောက်လက်တွေ့ကျနိုင်လဲ
မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်အာဏာပိုင်တွေကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ရာဇဝတ်မှုတိုင်ကြားချက်ကို တီမောနိုင်ငံက လက်ခံလိုက်ပါတယ်။ ဒါကို စစ်ကော်မရှင်က အာဆီယံပဋိဉာာဉ် ချိုးဖောက်တယ်လို့ ပြောထားပါတယ်။ တီမောက အာဆီယံပဋိညာဉ်ကို တကယ်ချိုးဖောက်တယ်လို့ ပြောနိုင်လား။
အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
၂၀၂၅ မြန်မာရွေးကောက်ပွဲ
ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား
အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။
NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။
အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။
စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ
အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ကော့မှူး ကခြောက်ကပ်ကပ် ရွေးကောက်ပွဲ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြေ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပခဲ့ပါတယ်။ ကော့မှူးမြို့ခံ အများစုကတော့ အရင်လို မဲပေးဖို့ စိတ်အားထက်သန်မှုတွေမတွေ့ရသလို မဲပေးနှုန်းလည်းလျော့ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျင်းပတဲ့ ကော့မှူးက ရွေးကောက်ပွဲ အရင်နဲ့ ဘာတွေ ကွဲပြားသွားလဲ။
ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ
ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပချိန် တိုက်ခိုက်ခံခဲ့ရတဲ့မန္တလေးတိုင်းထဲ စစ်ကော်မရှင်က ရဲနဲ့ စစ်သားအင်အား ဖြန့်ကြက်ပြီး အပိုင်း ၂ ကို ကျင်းပခဲ့ပေမဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက မဲဆန္ဒနယ်တွေမှာတော့ ထွေအုပ်အရာရှိသေဆုံးတဲ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအလွန်မှာ အရေးပါလာမယ့် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ
ရွေးကောက်ပွဲအလွန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအလဲအကြောင်းကိုပဲ လူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့ လူပြောနည်းပါတယ်။ ဒီထဲမှာ အလားအလာအရှိဆုံးကတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အပြီးမှာတော့ ကြိုတင်မဲပွင့်လင်းမြင်သာမှုနဲ့ ပတ် သက်လို့ မေးခွန်းထုတ်လာကြပါတယ်။
သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ
ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲ - ကနဦးရလဒ်မဲဆန္ဒနယ်ပြမြေပုံညွှန်း
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲရဲ့ ကနဦးရလဒ်များကို ကြည့်နိုင်တဲ့ မြေပုံညွှန်းဖြစ်ပါတယ်။ အခုမြေပုံညွှန်းပါ ရလဒ်များဟာ ကနဦးရလဒ်များသာဖြစ်ပါတယ်။ မြေပုံကို ထောက်ရုံနဲ့ မြို့နယ်အလိုက် အနိုင်ရပါတီကို ကြည့်ရှုနိုင်ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်
နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ဒေါ်သက်သက်ခိုင် - ရွှေနန်းတော်မှ ရေကြည်အိုင်သို့
မြန်မာနိုင်ငံရဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်ခိုင်နဲ့ပတ်သက်ရင် စီးပွားရေးမှာရော နိုင်ငံရေးမှာပါ ပြောစရာများပါတယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ပေမဲ့ ကျပ်ဘီလျံချီတဲ့ အကြွေးတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ပတ်သက်ရင်တော့ အငြင်းပွားစရာတွေရှိပါတယ်။
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ကတိုက်ပွဲနဲ့ ARSA ၅၃ ဦးကို ဘင်္ဂလားဒေ့ရှ်တရားစွဲဆိုမှု
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အာရက္ခတပ်တော်( အေအေ) နဲ့ ARSO တပ် ရဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ကော်မရှင်ရဲ့သံအမတ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ တွေ့ဆုံခဲ့ကြပါတယ်။
PDF ဖမ်းမိတဲ့ ဦးစိန်လွင် အကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ဘာပြောလဲ
မြင်းခြံခရိုင်ရဲ့ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိန်လွင်ကို မြင်းခြံ- ပုဂံညောင်ဦးလမ်းမှာ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ဇန်နဝါရီ ၁၄ ရက်မှာ ဖမ်းမိတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ဦးစိန်လွင် ဖမ်းဆီးခံရတာကို သိထားပြီး ကွာရှင်းထားတဲ့ခင်ပွန်ဟောင်းသာ ဖြစ်တယ်လို့ မြင်းခြံမြို့ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်က ဘီဘီစီကို ပြောပါတယ်။
ICJ ကြားနာပွဲမှာ ဘာတွေ ဖြစ်လာနိုင်လဲ - ဂမ်ဘီယာရှေ့နေအဖွဲ့ခေါင်းဆောင်နဲ့ မေးမြန်းခန်း
ICJ အမှုမှာ ဂမ်ဘီယာ ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အာဆလန် ဆူလေမန်နဲ့ တွေ့ဆုံမေးမြန်းခန်း
ကိုးကန့်အင်ပါယာကို ဖုန်မိသားစု ဘယ်လိုပြန်ထူထောင်နေလဲ
ကိုးကန့်တပ်က အထူးဒေသ ၁ ကို ခရိုင် ၄ ခု နဲ့ မြို့တော် ၁ ခုပါဝင်တဲ့ ဖွဲ့စည်းပုံအသစ်ဖွဲ့လိုက်ပြီး ကွတ်ခိုင်၊ကွမ်လုံနဲ့ သိန္နီစတဲ့ နယ်မြေသစ်တွေလည်း ပါဝင်လာပါတယ်။





































































